မှတ်ပုံတင်အမှတ် ၄၇ (၂၉.၁၂.၂၀၂၃)

ပြည်သူ့ပါတီ
PEOPLE'S PARTY

ဉာဏ်ပညာဖြင့် အလင်းခေတ်နိုင်ငံတော်သစ်ကို တည်ဆောက်မည်
ပြည်သူ့ပါတီသည် (၈၈) မျိုးဆက်ကျောင်းသားခေါင်းဆောင်များကို အခြေခံ၍ နိုင်ငံရေးမျိုးဆက်အသီးသီးမှ ရဲဘော်များ၊ နယ်ပယ်အသီးသီးမှ တတ်သိကျွမ်းကျင်သူများဖြင့် စုစည်းတည်ထောင်ထားသည့် ပါတီဖြစ်သည်။

အလင်းခေတ်ဆီသို့

ဖက်ဒရယ်ပြည်ထောင်စု

တန်းတူညီမျှနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေး။

တန်းတူညီမျှရေး

နိုင်ငံသားတိုင်း လူမျိုး၊ ဘာသာ၊ ကျား/မ၊ ဆင်းရဲချမ်းသာ ခွဲခြားဆက်ဆံမှု မရှိစေရေး။

ငြိမ်းချမ်းရေး

အင်အားသုံးဖြေရှင်းခြင်းအစား စားပွဲဝိုင်းပေါ်တွင် ဆွေးနွေးဖြေရှင်းသည့် ယဉ်ကျေးမှုတိုးပွားလာစေရေး။

တရားဥပဒေစိုးမိုးရေး

တရားဥပဒေ စိုးမိုးသည့် လူအဖွဲ့အစည်း ပေါ်ထွန်းလာစေရေး။

ပြည်တွင်းငြိမ်းချမ်းရေး

ပြည်တွင်းငြိမ်းချမ်းရေး ရရှိစေရန် အလေးထားဆောင်ရွက်ရေး။

People's Party Pamphlet
People's Party Pamphlet (နှိပ်၍ချဲ့ရန်)

ဥက္ကဋ္ဌကြီး၏ အတ္ထုပ္ပတ္တိ

People's Party Chairman

ဦးကိုကိုကြီး

A.G.T.I (E.P) ; H.G.P ; B.A (I.R) ; P.G.D.L.

ပြည်သူ့ပါတီဥက္ကဋ္ဌ
၁၉၆၁ ဒီဇင်ဘာ (၁၈)ရက်နေ့တွင် အဖ ဦးသောင်းထွန်း၊အမိ ဒေါ်ဝင်းကြည်တို့မှ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၌ မွေးဖွားခဲ့သည်။
၁၉၇၇ စက်မှုလက်မှုအထက်တန်းကျောင်း၊ အမှတ်(၁) ရန်ကုန်မှ လျှပ်စစ်ဘာသာရပ် ဖြင့်အောင်မြင်သည်။
၁၉၈၃ စက်မှုလက်မှုသိပ္ပံ(အင်းစိန်)မှ A.G.T.I (E.P) လျှပ်စစ်အင်ဂျင်နီယာ ဒီပလိုမာကိုရရှိ အောင်မြင်သည်။
၁၉၈၄ အခြေခံပညာအထက်တန်းစာမေးပွဲတွင် သင်္ချာ၊ ရူပ၊ ဓာတု ဂုဏ်ထူးတို့ဖြင့် အောင်မြင်ခဲ့သည်။
၁၉၈၄-၈၅ ရန်ကုန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံတကာ အုပ်ချုပ်ရေးပညာ ပထမဦးဆုံးအသုတ်တွင် စတင်တက်ရောက်သင်ကြားခဲ့သည်။
၂၀၁၇ ရန်ကုန်တက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေးပညာဘွဲ့ B.A (I.R) ကို အောင်မြင်ရရှိခဲ့ပါသည်။
၁၉၈၇ H.G.P အထက်တန်းရှေ့နေစာမေးပွဲတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေဘာသာရပ် ဂုဏ်ထူးဖြင့် အောင်မြင်သည်။
၁၉၈၈ မတ် (၁၆)ရက် တံတားနီကျောင်းသားလှုပ်ရှားမှုမှ စတင်၍ ကျောင်းသားလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။
၁၉၈၈ ရှစ်လေးလုံး(၈.၈.၈၈) လူထုအရေးတော်ပုံကြီးတွင် ဦးဆောင်ပါဝင်ခဲ့သည်။
၁၉၈၉ “လက်ရှိမြန်မာနိုင်ငံနှင့် ကြားဖြတ်အစိုးရ ပြဿနာ” စာတမ်းနှင့်အတူ ဖမ်းဆီးခံခဲ့ရသည်။
၁၉၉၁ ဒီဇင်ဘာ(၁၁)ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရပြီး တသက်တကျွန်း ချမှတ်ခံခဲ့ရသည်။
၂၀၁၂ မိုင်းဆတ်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သည်။
၂၀၁၂ ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင်တွင် အဖွဲ့ဝင်အဖြစ်ဆောင်ရွက်ခဲ့သည်။
၂၀၁၅ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)၌ ပြည်တွင်းအသိသက်သေအဖြစ် လက်မှတ်ရေးထိုးခဲ့သည်။
၂၀၁၈ ပြည်သူ့ပါတီ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။
၂၀၂၀ တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်မြေမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
၂၀၂၃ ပြည်သူ့ပါတီအဖြစ် မှတ်ပုံတင်ခွင့် ထပ်မံရရှိခဲ့သည်။
၂၀၂၄ “မြန်မာ၊ တရုတ်၊ အိန္ဒိယ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းဆိုင်ရာ နှိုင်းယှဉ်လေ့လာခြင်း” စာတမ်းဖြင့် ဘွဲ့လွန် ဥပဒေပညာ ဒီပလိုမာဘွဲ့(P.G.D.L) အောင်မြင်ခဲ့ပါသည်။
ယခုအခါ ဇနီး ဒေါ်ခင်သူသူဝင်း၊ သမီး တစ်ယောက်၊ သား နှစ်ယောက်တို့နှင့်အတူ နေထိုင်လျက်ရှိသည်။

မဲပေးနည်း

Vote People's Party

ပြည်သူ့ပါတီကို မဲပေးကြပါ

ပြည်သူ့ပါတီကို ဘယ်လိုမဲပေးကြမလဲ

ဆန္ဒပြုခန်းသို့ ဝင်ပါ။
မဲပေးရန်အတည်ပြုသည့် အချက်ပေးသံကိုစောင့်ပါ။
ဆန္ဒပြုစက်မှ အစိမ်းရောင်မီးလုံး လင်းလာပါမည်။
ကိုယ်စားလှယ်အမည်၊ ပြည်သူ့ပါတီအမှတ်တံဆိပ်နဲ့ တစ်တန်းတည်းက အပြာရောင်ခလုတ်ကို နှိပ်ပါ။ (နှစ်ခါမနှိပ်ရပါ)
စက္ကူဖြတ်ပိုင်းထွက်လာပါလိမ့်မည်။ သေချာကြည့်ပါ။ ခဏအကြာတွင် မဲပုံးထဲသို့ ကျသွားပါလိမ့်မည်။

ဆက်သွယ်ရန်

ဌာနချုပ်လိပ်စာ

အခန်း (၉၀၂)၊ (၉)လွှာ၊ တိုက်(D)၊ အမှတ် (၆၂)၊ မဟာဗန္ဓုလအိမ်ရာ၊ မဟာဗန္ဓုလလမ်း၊ Ocean Supercenter အနီး၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။

ဖုန်းနံပါတ်

09 798 422 301