ပြည်သူ့ပါတီသည် (၈၈) မျိုးဆက်ကျောင်းသားခေါင်းဆောင်များကို အခြေခံ၍ နိုင်ငံရေးမျိုးဆက်အသီးသီးမှ ရဲဘော်များ၊ နယ်ပယ်အသီးသီးမှ တတ်သိကျွမ်းကျင်သူများဖြင့် စုစည်းတည်ထောင်ထားသည့် ပါတီဖြစ်သည်။

“ဉာဏ်ပညာဖြင့် အလင်းခေတ်နိုင်ငံတော်သစ်ကို တည်ဆောက်မည်”

People's Party Flag
ပြည်သူ့ပါတီ

အလင်းခေတ်ဆီသို့

တန်းတူညီမျှနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေး။
နိုင်ငံသားတိုင်း လူမျိုး၊ ဘာသာ၊ ကျား/မ ၊ ဆင်းရဲ၊ ချမ်းသာ၊ အဆင့်အတန်း ခွဲခြားဆက်ဆံမှု မရှိစေရေး။
နိုင်ငံအတွင်းဖြစ်ပေါ်လာသည့် စိန်ခေါ်မှုပြဿနာများကို အင်အားသုံးဖြေရှင်းခြင်းအစား၊ စားပွဲဝိုင်းပေါ်တွင် ဆွေးနွေးဖြေရှင်း သည့် ယဉ်ကျေးမှုတိုးပွားလာစေရေး။
တရားဥပဒေ စိုးမိုးသည့် လူအဖွဲ့အစည်း ပေါ်ထွန်းလာစေရေး။
ပြည်တွင်းငြိမ်းချမ်းရေး ရရှိစေရန် အလေးထားဆောင်ရွက်ရေး။
People's Party Pamphlet
People's Party Pamphlet

ဦးကိုကိုကြီး

A.G.T.I ( E.P ) ; H.G.P ; B.A ( I.R ) ; P.G.D.L. ၏ ကိုယ်ရေးအကျဉ်း

People's Party Chairman
ပြည်သူ့ပါတီဥက္ကဋ္ဌ
၁၉၆၁ ဒီဇင်ဘာ (၁၈)ရက်နေ့တွင် အဖ ဦးသောင်းထွန်း၊အမိ ဒေါ်ဝင်းကြည်တို့မှ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၌ မွေးဖွားခဲ့သည်။
၁၉၇၇ နိုဝင်ဘာလတွင် စက်မှုလက်မှုအထက်တန်းကျောင်း၊ အမှတ်(၁) ရန်ကုန်မှ လျှပ်စစ်ဘာသာရပ် ဖြင့်အောင်မြင်သည်။ ၁၉၈၃ တွင် စက်မှုလက်မှုသိပ္ပံ(အင်းစိန်)မှ A.G.T.I ( E.P )လျှပ်စစ်အင်ဂျင်နီယာ ဒီပလိုမာကိုရရှိ အောင်မြင်သည်။
၁၉၈၄ အခြေခံပညာအထက်တန်းစာမေးပွဲတွင် သင်္ချာ၊ ရူပ ၊ ဓာတု ဂုဏ်ထူးတို့ဖြင့် အောင်မြင်ခဲ့သည်။
၁၉၈၄-၈၅ တက္ကသိုလ် ပညာသင်နှစ်တွင် ရန်ကုန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံတကာ အုပ်ချုပ်ရေးပညာ ပထမဦးဆုံးအသုတ်တွင် စတင်တက်ရောက်သင်ကြားခဲ့ပြီး ရန်ကုန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံတကာ အုပ်ချုပ်ရေးပညာ ဘာသာရပ်အသင်းအတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။
၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ၊ နိုင်ငံတကာဆက်ဆံရေးပညာဘွဲ့ B.A ( I.R )ကို အောင်မြင်ရရှိခဲ့ ပါသည်။
၁၉၈၇ တွင် H.G.P အထက်တန်းရှေ့နေစာမေးပွဲတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေဘာသာရပ် ဂုဏ်ထူးဖြင့် အောင်မြင်သည်။
၁၉၈၈ ခုနှစ်၊ မတ် (၁၆)ရက် တံတားနီကျောင်းသားလှုပ်ရှားမှုမှ စတင်၍ ရန်ကုန်တက္ကသိုလ် ကျောင်းဝင်း အတွင်း ဆန္ဒပြပွဲများတွင် စတင်ပါဝင်ခဲ့သည်။ ၁၉၈၈ ခုနှစ် ၊ဇွန်လ ကျောင်းသားလှုပ်ရှားမှု နောက်ပိုင်း ကျောင်းများပိတ်သွားပြီး ပြန့်ကျဲသွားသော ကျောင်းသားအင်အားစုများကို စုစည်း၍ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းရန် ဦးဆောင်စည်းရုံးခဲ့သူတစ်ဦးအဖြစ် ပါဝင်ခဲ့သည်။
ရှစ်လေးလုံး(၈.၈.၈၈) လူထုအရေးတော်ပုံကြီးတွင် ဦးဆောင်ပါဝင်ခဲ့ပြီး ဩဂုတ်လ (၂၈)ရက် ရန်ကုန် တက္ကသိုလ် သမဂ္ဂမြက်ခင်းပြင်တွင် ညီလာခံကျင်းပဖွဲ့စည်းခဲ့သော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၈၉ခုနှစ် ဧပြီလတွင် ကိုယ်တိုင်ရေးသားသည့် “လက်ရှိမြန်မာနိုင်ငံနှင့် ကြားဖြတ်အစိုးရ ပြဿနာ” စာတမ်းနှင့်အတူ ဖမ်းဆီးခံခဲ့ရပြီးနောက် ဇွန်လတွင် ပြန်လည်လွတ်မြောက်လာခဲ့ပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၉၁ ခုနှစ် ဒီဇင်ဘာ(၁၁)ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ်အနှစ် ( ၂၀ ) နှင့်ညီမျှသော တသက်တကျွန်း ချမှတ်ခံခဲ့ရသည်။ ၁၉၉၉ ခုနှစ် စက်တင်ဘာလတွင် လွတ်ရက်စေ့သော်လည်း ပုဒ်မ ၁၀ (က) ဖြင့် ၅ နှစ် ၆ လ ထပ်မံချုပ်နှောင်ခံခဲ့ရပြီး ၂၀၀၅ ခုနှစ်၊မတ်လတွင် ပြန်လည်လွတ်မြောက် လာခဲ့သည်။ ၂၀၀၆ ခုနှစ်၊ စက်တင်ဘာလတွင် ထပ်မံထိန်းသိမ်းခံရပြီး ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလတွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။ ၂၀၀၇ ခုနှစ်၊ ဩဂုတ်လတွင် ထပ်မံဖမ်းဆီးခံရပြီး ထောင်ဒဏ် (၆၅)နှစ် (၆)လ ချမှတ်ခံခဲ့ရသည်။
၂၀၁၂ ခုနှစ် ၊ဇန်နဝါရီလတွင် မိုင်းဆတ်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာပြီး, အပတ်စဉ်ဂျာ နယ်၊ မဂ္ဂဇင်းများတွင် ဝတ္တုတို ၊ဆောင်းပါး ၊အင်တာဗျူးများ ၊နိုင်ငံ‌ရေး ဟောပြောချက်များ ရေးသားထုတ် ဝေခဲ့သည်။
နော်ဝေ၊ အိုင်ယာလန်၊ ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် ကမ္ဘောဒီးယား စသည့်နိုင်ငံများတွင် ငြိမ်းချမ်းရေး လုပ်ငန်းများလေ့လာခဲ့ပြီး နိုင်ငံပေါင်း(၂၀)ကျော်သို့သွားရောက်၍နိုင်ငံတကာအစည်းအဝေးများ၊ ဟောပြောပွဲများ၊ သင်တန်းများနှင့် ဖိတ်ကြားမှုများတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင် ကူးပြောင်းမှု ဖြစ်စဉ်နှင့် ငြိမ်းချမ်းရေး ကြိုးပမ်းမှုများအကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။
၂၀၁၂ ခုနှစ်၊ ဩဂုတ်လ (၁၇)ရက်နေ့တွင် ဖွဲ့စည်းခဲ့သော ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင်တွင် အဖွဲ့ဝင်အဖြစ်ဆောင်ရွက်ခဲ့သည်။
၂၀၁၂ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့ကို ဦးဆောင်ခဲ့ပြီး ရွေးကောက်ပွဲအစီရင်ခံစာကို ပြုစုထုတ်ဝေခဲ့သည်။
၂၀၁၃ ခုနှစ်တွင် လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီတွင် အဖွဲ့ဝင်အဖြစ် ဆောင် ရွက်ခဲ့သည်။
ထို့နောက် (၈၈) မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)တွင် အထွေထွေအတွင်းရေးမှူး အဖွဲ့ဝင်တစ်ဦးအဖြစ် ဆောင်ရွက်ခဲ့ပြီး ပွင့်လင်းမြန်မာ့ရှေ့ဆောင်တွင် လွှတ်တော်စောင့်ကြည့်လေ့လာ ရေးအဖွဲ့ကို စတင်တည်ထောင်သူ အကြံပေးအဖွဲ့ ခေါင်းဆောင်တစ်ဦးအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။
၂၀၁၅ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA)၌ပြည်တွင်းအသိသက်သေအဖြစ် လက်မှတ်ရေးထိုးခဲ့ပြီး၊ပြည်ထောင်စုအဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC)တွင် ပြည်ထောင်စုအဆင့် အရပ်သား ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့သည်။
၂၀၁၆ ခုနှစ်တွင် စာပေဗိမာန်၊ နိုင်ငံရေးစာပေ အမျိုးသားစာပေဆု ရွေးချယ်ရေးကော်မတီတွင် အဖွဲ့ဝင် အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။
၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖွဲ့စည်းခဲ့သော နိုင်ငံရေးပါတီတစ်ရပ် ဖြစ်မြောက်ရေးကော်မတီတွင် ဦးဆောင်အဖွဲ့တာဝန်ခံအဖြစ်ဆောင်ရွက်ခဲ့သည်။
(၁၉.၁၂.၂၀၁၇) ခုနှစ်တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၌ ပြည်သူ့ပါတီ တည်ထောင်ခွင့် လျောက်ထားခဲ့ပြီး (၂၆.၄.၂၀၁၈)ရက်မှစ၍ ပြည်သူ့ပါတီ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။
၂၀၂၀ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်မြေမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်၌(၂၉.၁၂.၂၀၂၃)ရက်တွင် ပြည်သူ့ပါတီအဖြစ် မှတ်ပုံတင် ခွင့် ထပ်မံရရှိခဲ့ပြီး ယနေ့တိုင် ပြည်သူ့ပါတီ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိသည်။
၂၀၂၄ခုနှစ်တွင် နိုင်ငံရေးပါတီများ အစုအဖွဲ့ အလုပ်အဖွဲ့တွင် ဦးဆောင်သူတစ်ဦးအဖြစ် ဆောင်ရွက်လျက် ရှိသည်။
၂၀၂၄ခုနှစ် ဒီဇင်ဘာလတွင် “ မြန်မာ၊ တရုတ်၊ အိန္ဒိယ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းဆိုင်ရာ နှိုင်းယှဉ်လေ့လာခြင်း ” စာတမ်းဖြင့် ဘွဲ့လွန် ဥပဒေပညာ ဒီပလိုမာဘွဲ့(P.G.D.L)ကို ရန်ကုန်အဝေးသင် တက္ကသိုလ်၌ တက်ရောက်အောင်မြင်ခဲ့ပါသည်။
ယခုအခါ ဇနီး ဒေါ်ခင်သူသူဝင်း၊ သမီး တစ်ယောက်၊ သား နှစ်ယောက်တို့နှင့်အတူ နေထိုင်လျက်ရှိသည်။
Vote People's Party
မဲပေးခြင်း

ပြည်သူ့ပါတီကို ဘယ်လိုမဲပေးကြမလဲ

၁။ ဆန္ဒပြုခန်းသို့ ဝင်ပါ။
၂။ မဲပေးရန်အတည်ပြုသည့် အချက်ပေးသံကိုစောင့်ပါ။
၃။ ဆန္ဒပြုစက်မှ အစိမ်းရောင်မီးလုံး လင်းလာပါမည်။
၄။ ကိုယ်စားလှယ်အမည်၊ ပြည်သူ့ပါတီအမှတ်တံဆိပ်နဲ့ တစ် တန်းတည်းကအပြာရောင်ခလုတ်ကို နှိပ်ပါ။ (နှစ်ခါ မနှိပ်ရပါ။)
၅။ ဆန္ဒပြုခန်းဘေးက မဲပုံးပေါ်မှ မဲပေးလိုက်သောအခါ ကိုယ်စားလှယ်အမည်၊ အမှတ်စဉ်၊ ပြည်သူ့ပါတီ အမှတ်တံဆိပ် ပါသည့် စက္ကူဖြတ်ပိုင်း ထွက်လာပါလိမ့်မည်။ ထိုအခါ သေချာ ကြည့်ပါ။ ခဏအကြာတွင် မဲပုံးထဲသို့ ကျသွားပါလိမ့်မည်။

ဆက်သွယ်ရန်

လိပ်စာ - ပြည်သူ့ပါတီဌာနချုပ်၊ အခန်း (၉၀၂)၊ (၉)လွှာ၊ တိုက်(D)၊ အမှတ် (၆၂)၊ မဟာဗန္ဓုလအိမ်ရာ၊ မဟာဗန္ဓုလလမ်း၊ Ocean Supercenter အနီး၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - 09 798 422 301